မိုင်းယုမြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး (Talk Show )ဆွေးနွေး

မိုင်းယု ဇွန် ၅

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး၏ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓာတ်ပုံကျွမ်းကျင်- ဦးကိုကိုနိုင်နှင့် ရုပ်သံကျွမ်းကျင်-၃ ဦးနေဝင်းတို့က ကလေးအလုပ်သမားဆိုသည်မှာ နိုင်ငံတကာအလုပ်အကိုင်အခြေအနေများ သုံးသပ်ချက်များ၊ တစ်ကမ္ဘာလုံးမှ အမျိုးသမီးနှင့် ကလေးသူငယ်များ အတင်းအဓမ္မအလုပ်ထဲတွင် ကျင်လည်နေမှုများ၊ ကလေးသူငယ်အခွင့် အရေးဆိုင်ရာပြဋ္ဌာန်းချက်များနှင့် အသိပညာ၊ အတတ်ပညာ ပြည့်ဝအောင်လေ့ကျင့်ပေးနိုင်မှု၊ အဓမ္မခိုင်းစေမှုနှင့် အကြမ်းဖက်မှုပပျောက်စေရေးနှင့် လူ့အဖွဲ့အစည်းအတွင်း ကလေးအလုပ် သမားပပျောက်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရေးစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

ကလေးအလုပ်သမားသည် ကလေးငယ်တို့၏ ဘဝ၊ ရှေ့အလားလာနှင့် ဂုဏ်သိက္ခာကို ကင်းမဲ့စေပြီး ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာစေသည့် အလုပ်မျိုး ဖြစ်ကြောင်း၊ ကလေးငယ်တို့၏ သေဆုံးနှုန်းလျော့ချရေး၊ ပညာလက်လှမ်းမီရရှိနိုင်ရေးနှင့် အရည်အသွေးတိုးတက်လာရေး၊ ကလေးငယ် များအား အကြမ်းဖက်မှု၊ နှိပ်စက်ညှဉ်းပမ်းမှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတို့မှ ကာကွယ်ပေးနိုင်ရန်အတွက် ယင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

ကိုကိုနိုင်