ကမမောင်းမြို့၌ ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်

ကမမောင်း ဇွန် ၅

ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် (၉)နာရီအချိန်က ကမမောင်းမြို့ ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ် နိုင်စေရေး အသိပညာပေးနှိုးဆော်ခြင်းများကို လူစီကားရာနေရာများ၊ ဈေးများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 ထိုသို့ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေကြရန်၊ နေအိမ်ပြင်ပထွက်ခွာတိုင်း နှာခေါင်းစည်း တပ်ဆင်ကြရန်၊ ချောင်းဆိုးနှာချေလျှင် တံတောင်ဆစ်ကွေးနှင့်အုပ်၍ ဆိုးကြရန်၊ မိမိတို့၏ နေအိမ်ပြတင်း ပေါက်များကို ဖွင့်ထားကြရန်၊ လက်ကို မကြာခဏ စက္ကန့်(၂၀) ကြာတိုင်းဆေးကြောရန်၊ တက်နိုင်သမျှ အိမ်မှာ နေထိုင်ကြရန်၊ လူစုလူဝေး ရှောင်ရှားကြရန်၊ မိမိကိုယ်မိမိသံသယလက္ခ ဏာခံစားရလျှင် နီးစပ်ရာကျန်းမာရေးဌာနသို့ဆက်သွယ်ကြရန်၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကွင်းဆက်ဖြတ်တောက်နိုင်စေရေးအတွက် ကာကွယ်ဆေးထိုးနှံမှုများကို အကြိမ်ပြည့် မပျက်မကွက်ခံယူကြရန်စသည့် အသိပညာပေးနှိုးဆော်မှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

တင်တင်လှ(ကမမောင်းပြန်/ဆက်)