ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားလွိုင်လင်တွင်ကျင်းပ

လွိုင်လင်  ဇွန် ၅

၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လွိုင်လင်ခရိုင်ရုံး Community Centre ခန်းမတွင် ယနေ့ နံနက်(၀၉:၃၀)နာရီက ကျင်းပသည်။

အစီအစဉ်အရ လွိုင်လင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်မှ ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားများကိုနှစ်စဉ်ကမ္ဘာ့နိုင်ငံအသီးသီးနှင့် မြန်မာနိုင်ငံတွင်းရှိ မြို့နယ်များတွင် အခမ်းအနားများကျင်းပလျက်ရှိ‌ကြောင်း၊ နှစ်စဉ်‌ဆောင်ပုဒ်များချမှတ်ပြီး ကျင်းပ လျက်ရှိ‌ကြောင်း၊ ယခုနှစ်အတွက်ဆောင်ပုဒ်မှာ ပလပ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေ ရှင်းဆောင်ရွက်စို့ဖြစ်ကြောင်း၊ ( Solution to Plastic Pollution ) ကမ္ဘာပေါ်တွင် ပလစ်စတစ် သုံးစွဲမှုများ များပြားလာ၍ ပလပ်စတစ်သုံးစွဲမှုလျော့ချရန်၊ ပြည်သူအားလုံး ပူးပေါင်း ဆောင်ရွက်ကြရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားသည်။ ထို့နောက် ကမ္ဘာ့ပတ် ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ ဗီဒီယိုကလစ်ပြသပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြ ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်