သရက် ဇွန် ၅
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၃ခုခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်(၉:၃၀)နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆုရ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြသည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုးလှမြင့်က ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိတဲ့ မြို့ကြီးများမှာ ကျင်းပလျက်ရှိပါတယ် မြန်မာနိုင်ငံမှာလည်း ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို မကွေးတိုင်းဒေသကြီး အပါအဝင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း ကျင်းပဆောင်ရွက်နေပါတယ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံက ပတ်ဝန်ကျင်ရှိ လူသားတွေ၏ လူနေမှုဘဝဝအဆင့်အတန်းတွေ တိုးတတ်မြင့်မားလာစေဖို့အတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လာခဲ့ကြရာ စက်မှုတော် လှန်ရေးနောက်ပိုင်းကာလများမှစ၍ လူမှုစီးပွားတစ်စတစ်စ ဖွံ့ဖြိုးတိုးတက်လာခဲ့ပေမဲ့လည်း ၁၉၅၀ ကျော်နှစ်များမှစ၍ သဘာဝ ပတ်ဝန်းကျင် ယိုးယွင်းပျက်စီးမှုနှင့် ညစ်ညမ်းမှုစသည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို သိသိသာသာ ရင်ဆိုင်ကြုံတွေ့နေရသည့်အတွက် သဘာဝပတ်ဝန်းကျင် ရေရှည်ရန်အတွက် အလေးထား ဆောင်ရွက် သတိပြုမိရန်လိုနေကြောင်း သတိပြုမိခဲ့ကြကြောင်း ပြောကြားပေးခဲံသည်။
ထို့နောက် ၂၀၂၃ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုးလှမြင့်က ဆုများချီးမြှင့်ပေးခဲ့ရာ ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများက လက်ခံပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)