တနင်္သာရီ ဇွန် ၅
၂၀၂၃ခုနှစ်၊ဇွန်လ(၅)ရက်နေ့တွင် ကျရောက်သည့်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်း သိမ်းရေးနေ့( World Environment Day ) အထိမ်းအမှတ်အဖြစ် သယံဇာတနှင့်သ ဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီ မြို့နယ်သစ်တော ဦးစီးဌာနမှ ကြီးမှူး၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲ အချိန်က တနင်္သာရီမြို့ မြို့မအားကစားကွင်း အတွင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
၎င်းသစ်ပင်စိုက်ပျိုးပွဲသို့ အမှတ်(၂) စစ်နယ်မြေမှူး ဗိုလ်မှူးကြီးအောင်ကိုလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်သက်ထူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုစုပေါင်း(၁၃၀) ကျော်တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်သစ်တောဦးစီးဌာနဦးစီးအရာရှိ(ကိုယ်စား) တောအုပ် ဦးကျော်မြင့်ထွန်းက အမှတ်(၂)စစ်နယ် မြေမှူး ဗိုလ်မှူး ကြီးအောင်ကိုလတ်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက် သက်ထူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဦးကျော်ကျော်ခေါင်တို့အား ပျိုးပင်များကို ဖြန့်ဝေပေးအပ်ပေးပြီးနောက် တက်ရောက်လာသူများက သတ်မှတ်နေရာ အသီးသီးတွင် ပျဉ်းကတိုးပင်(၃၀၀)ပင်/ ခရေ(၂၀၀)ပင်/ မဟော်ဂနီပင်(၂၀၀)ပင်/ စိန်ပန်းပင်(၃၀၀)၊ စုစုပေါင်း ပျိုးပင်(၁၀၀၀) ပင်တို့ကို စနစ်တကျ တပျော်တပါးစိုက် ပျိုးပေးကြကြောင်း သိရ သည်။
ထို့နောက် ယနေ့သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်သူများအားလုံးကို မြို့နယ်သစ်တောဦးစီးဌာနမှ ကောက်ညှင်းပေါင်းနှင့်လက္ဘ်ရည်တို့ဖြင့် ကျွေးမွေးဧည့်ခံပေးကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)