ကွတ်ခိုင်မြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနေ့အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲ ကျင်းပ

ကွတ်ခိုင် ဇွန် ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပမှုဖြင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနေ့အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲကို ယနေ့နံနက် (၉:၀၀)နာရီအချိန်က အမှတ်(၁)ရပ်ကွတ်၊ ပြည်လုံးချမ်းသာဘုန်းကြီး‌ကျောင်းဝင်းအတွင်း၌ ကျင်းပဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပွဲအခမ်းအနားတွင် စစ်ဗျူဟာအဖွဲ့ (အခြေချ)ကွတ်ခိုင်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သိန်းအောင်စိုး၊ ကွတ်ခိုင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ခရိုင်ရဲမှူးကြီး လှိုင်မင်းစိုး၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောဝင်းလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးမျိုးညွန့်နှင့် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မိုးဟိန်းတို့မှ ဦးဆောင်၍ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ရဲတပ်ဖွဲဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် တိုင်းရင်းသားယဉ်ကျေးမှုအသင်းအဖွဲ့များ စုပေါင်းပြီး ချယ်ရီ(၅၀)၊ ရေသင်းဝင် (၅၀)၊ သစ်လှ (၁၀၀)နှင့် ဆူးထင်းရှူး(၅၀) စုစုပေါင်း ပျိုးပင်ပေါင်း(၂၅၀)ပင်အား ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနေ့အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲတွင် စိုက်ပျိုးခဲ့ကြသည်။

ဆက်လက်ပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနေ့အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲတွင် သက်ဆိုင်ရာဌာနဆိုင်ရာများအလိုက် စိုက်ပျိုးထားရှိမှုနှင့် စနစ်တကျစိုက်ပျိုးထားမှု ရှိ/မရှိတို့ကို ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ချစ်မျိုးဦး (ကွတ်ခိုင်)