လယ်ဝေး ဇွန် ၅
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးမြနန္ဒာကျော် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်း သိကောင်းစရာများ၊ ဒုတိယဦးစီးမှူး ဦးအောင်ကိုကိုက ပလတ်စတစ် ညစ်ညမ်းမှုနှင့် စွန့်ပစ်အမှိုက်စသည့် ခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြောသည်။
ထို့နောက် မူလွန်(ဗဟို)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးအား အသိပညာပေး လက်ကမ်းစာစောင်များ ပေးအပ်ပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)