ကျောက်မဲ ဇွန် ၅
ကျောက်မဲမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မူလတန်းကြိုကျောင်းဆင်းပွဲကို မေတ္တာမွန်ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက ပဒေသာကပွဲနှင့် ကျောင်းဆင်းလက်မှတ် ပေးအပ်ပွဲအခမ်းအနားကျင်းပခဲ့သည်။
ကျောက်မဲမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မူလတန်းကြိုကျောင်းသည် ကလေးငယ်များအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ ပေါင်းသင်းဆက်ဆံရေးနှင့် စိတ်ခံစားမှုဟူသည့် ဖွံ့ဖြိုးမှုကြီး ငါးရပ်ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးမိဘများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်လဲ့လဲ့မြင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ကျောင်းဆင်းသားငယ် သမီးငယ်များအား သင်ယူပြီးမြောက် ခြင်း လက်မှတ်ပေးအပ်ခြင်းကိုပြုလုပ်ရာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်လဲ့လဲ့မြင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ရာ သားငယ်/သမီးငယ်များက လက်ခံရယူကြသည်။ ဆက်လက်၍သားငယ် သမီးလေးများက အဆိုအကများဖြင့် ပဒေသာကပွဲ ကပြဖျော်ဖြေကြသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောက်မဲမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မူလတန်းကြိုကျောင်းတွင် တက်ရောက်ခဲ့သည့် ကျောင်းသား/ သူ ၄၆ဦး အနက် ကျောင်းဆင်းမည့် ကျောင်းသား/သူ ၂၀ ဦးအား ကျောင်းဆင်းလက်မှတ်နှင့် ဂုဏ်ပြုငွေ တစ်ဦးလျှင် (၇၀၀၀) ကျပ်နှုန်း ချီးမြှင့်ထောက်ပံ့ခဲ့ကြောင်း အခမ်းအနားသို့ ကလေးငယ်များ ကျောင်းသားမိဘများ တက်ရောက်၍ကြည့်ရှု့အားပေးကြကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)