မိုင်းဆတ် ဇွန် ၅
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲက အထက(မိုင်းဆတ်)ရှိ မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးနိုင်က ၂၀၂၃ ခုနှစ် “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်” ဆောင်ပုဒ်ဖြစ်သည့် “ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” ခေါင်းစဉ်အား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးကာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဗီဒီယိုပြသခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိသူအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ရာ Grade-8 ကျောင်းသူ မဆိုဖီယာကလည်းကောင်း၊ နယ်မြေခံတပ်နယ်မှ ဒုတိယဗိုလ်မှူးကြီးတင်ထွန်းဝင်းက ဒုတိယဆုရရှိသူအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ရာ Grade-9 ကျောင်းသား မောင်မျိုးဝဏ္ဏကျော်ကလည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးနိုင်က တတိယဆုရရှိသူအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ရာ Grade-8 ကျောင်းသူ မဆုရတီဖြိုးကလည်းကောင်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇင်ဇင်သော်က နှစ်သိမ့်ဆုရရှိသူအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ရာ Grade-6 ကျောင်းသား မောင်အောင်ပြည့်သျှန်ကလည်းကောင်း၊ ခရိုင်ပညာရေးမှူး ဦးအောင်ဇော်က ပန်းချီပြိုင်ပွဲတွင် ပထမဆုရရှိသူအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ရာ Grade-3 ကျောင်းသား မောင်သာထိုက်စံကလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က ဒုတိယဆုရရှိသူအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ရာ Grade-4 ကျောင်းသူ မခေတ်မြတ်နိုးလှိုင်ကလည်းကောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုနိုင်က တတိယဆုရရှိသူအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ရာ Grade-5 ကျောင်းသူ မချိုမေလတ်ကလည်းကောင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မိမိခိုင်က နှစ်သိမ့်ဆုရရှိသူအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ရာ Grade-3 ကျောင်းသား မောင်ဖြိုးဟန်ကျော်ကလည်းကောင်း အသီးသီးလက်ခံရယူခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ နယ်မြေခံတပ်နယ်မှ ဒုတိယဗိုလ်မှူးကြီးတင်ထွန်းဝင်း၊ ခရိုင်ပညာရေးမှူး ဦးအောင်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူ(၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး ဌာနဆိုင်ရာတာဝန်ရှိသူတို့က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကာ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာမှ ပြသထားသည့် ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေး အသိပညာပေး နံရံကပ်ဘုတ်အား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)