ဆုံဆည်းမြိုင်(အထူးဒေသ)ကျေးရွာတွင် ကိုယ်ထူကိုယ်ထ ဇရပ်ဆောက်လုပ်မှု ၈၀%ပြီးစီး

စုကလိ  ဇွန်  ၅

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ မဲကုလားအုပ်စု ဆုံဆည်းမြိုင်ကျေးရွာတွင်  သုသာန်ဇရပ် ဆောက်လုပ်ခြင်းအား ယခုနှစ်အစောပိုင်းက ဆုံဆည်းမြိုင်ကျေးရွာတွင် တည်ဆောက်ခဲ့ရာ ယခုအခါတွင် တည်ဆောက်ပြီးစီးမှု ၈၀% ပြီးစီးပြီးဖြစ်​​ကြောင်း သိရသည်။

အဆိုပါ သုသာန်ဇရပ်ကို ဆုံဆည်းမြိုင် ကျေးရွာရှိ ကျေးရွာနေပြည်သူများမှ စုပေါင်းပြီး ထည့်ဝင် လှူဒါန်းငွေ ထိုင်းဘတ်ငွေ ၂သိန်းတစ်သောင်း မြန်မာငွေသိန်းနှစ်ရာကျပ်ဖြင့် မတည်ဆောက်လုပ်ပြီး အောက်ခင်းကြွေပြားကပ်ခြင်း၊ အမိုးကိုင်းသံဖရိန်ဖြင့်တည်ဆောက်ပြီး သွပ်မိုးဖြင့် အခိုင်အမာတည်ဆောက်ထားခြင်းဖြစ်ပြီး အလျားပေ၆၀၊ အနံ ပေ၃၀ကျယ်ဝန်းကြောင်း တာဝန်ခံ တည်ဆောက် သူတစ်ဦးထံ၏ ပြောကြားချက်အရ သိရသည်။

ကရင်ပြည်နယ် မြဝတီခရိုင်၊ စုကလိမြို့မဲကုလားအုပ်စုဆုံဆည်းမြိုင်ကျေးရွာသည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့်အပြင် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ထိစပ်ပြီး ကုန်စည်စီးဆင်းမှုအတွက် အထောက်အကူဖြစ်သော နေရာတစ်ခုဖြစ်ကြောင်း သိရသည်။

ပိုပိုအောင်