စဉ့်ကိုင်မြို့နယ်တွင် ပျားမွေးမြူရေးကို တစ်နိုင်တစ်ပိုင်မွေးမြူခြင်းမှ စီးပွားဖြစ်မွေးမြူလာနိုင်ခြင်းအကြောင်း အသိပညာပေးဆွေးပွဲကျင်းပ

စဉ့်ကိုင် ဇွန် ၅

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  ပျားလုပ်ငန်းဌာနတို့ပူးပေါင်း၍    လူထုအခြေပြုဗဟိုဌာန  (Community Centre)  ခန်းမတွင် ယနေ့နံနက်ပိုင်းက ပျားမွေးမြူရေးကို တစ်နိုင်တစ်ပိုင်မွေးမြူခြင်းမှ စီးပွားဖြစ် မွေးမြူလာ နိုင်ခြင်းအကြောင်း အသိပညာပေးဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်စန္ဒာအေးအောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ တိုင်းပြည်သာယာ၀ပြောရေးနှင့်စားရေးရိက္ခာဖူလုံရေးပြည်သူတစ်ရပ်လုံး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးလျက်ရှိရာ  ပြည်သူများ စာ၀တ်နေရေးအဆင်ပြေစေရန်၊ ဆောင်ရွက်ပေးနေကြောင်းကို ပြည်သူများသိရှိစေရန် ပျားမွေးမြူရေးကို တစ်နိုင်တစ်ပိုင်မွေးမြူခြင်းမှသည်   စီးပွားဖြစ်မွေးမြူလာနိုင်ကြောင်းကို  ရည်ရွယ်၍ ယခုလို  အသိပညာပေး  Talk  Show များကို  အွန်လိုင်းမှတဆင့် မျှဝေ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍  ဦးသိန်းကို၊  ပျားလုပ်ငန်းဌာနက ပျားမွေးမြူခြင်းသည် ကျေးလက်နေပြည်သူများအတွက် တစ်ဖက်တစ်လမ်းမှ  အပိုဝင်ငွေရရှိစေသော  လုပ်ငန်းတစ်ခုဖြစ်သည့်အပြင် စီးပွားဖြစ်အတွက် ဝင်ငွေရရှိနိုင်သောလုပ်ငန်းလည်းဖြစ်ကြောင်း၊ ပျားမွေးမြူခြင်းအားဖြင့် ရရှိသော ဝတ်မှုန်ကူးခြင်းဖြင့် သီးနှံအထွက်တိုးခြင်း၊ ပျားရည်နှင့်ပျားထွက်ပစ္စည်းများရောင်းချခြင်းဖြင့် ဝင်ငွေအကျိုး အမြတ်များရရှိခြင်း၊ စက်မှု ထွန်းကားမှုကြောင့် တောတောင်သဘာဝ ပြုန်းတီးမှု၊   ပိုးသတ်ဆေး၊  ပေါင်းသတ်ဆေးများ  အလွန်အကျွံ သုံးစွဲမှုကြောင့် အကျိုးပြုအင်းဆက်များရှားပါးကာ ရာသီဉတု ဖောက်ပြန်မှု အခြေအနေများအား ထိန်းသိမ်းနိုင်ရန်အတွက်  ပျားမွေးမြူရေးကဏ္ဍသည်  အဓိက လိုအပ်ကြောင်းတို့ကို  အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

ကျော့မူယာမောင်