ကျွန်းလှ ဇွန် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား ပေါင်စနစ်ပျိုးထောင်နည်းကို ယနေ့ နံနက် ၇ နာရီက မကျီးအင်းကျေးရွာနှင့် ရှမ်းစုကျေးရွာများ လက်တွေ့ပြသခဲ့ကြောင်း သိရသည်။
“မိုးစပါးစိုက်ပျိုးရန် ပေါင်စနစ်ဖြင့် ပျိုးထောင်ရာမှာ ပျိုးခင်းအတွင်း တစ်ဧက အလျား ၁၂၀ ပေ၊ အနံ ၃ ပေ၊ အမြင့် ၄ လက်မရှိ ပျိုးပေါင် ၇ ပေါင်ပြုလုပ်ရပါတယ်။ မျိုးစေ့ ၈ ပြည် (သို့မဟုတ်) ၁၀ ပြည် မျိုးညှောင့်ဖောက်ထားရပါတယ်။ မျိုးစေ့ချပြီး မြေဆွေး၊ ဖွဲပြာဖုံးအုပ်ရပါတယ်။ ပျိုးသက် ၂၀ ရက်မှ ၂၅ ရက်သားမှာ ပြောင်းရွေ့စိုက်ပျိုးရပါတယ်” ဟု မြိုနယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောပြသည်။
အဆိုပါ ပေါင်စနစ် ပျိုးထောင်ခြင်းဖြင့် မျိုးစေ့ဖိုးကုန်ကျစရိတ်သက်သာခြင်း၊ တိုတုပ်သန်မာသော ပျိုးပင်များရရှိခြင်း၊ တစ်ဧကတင်း ၁၀၀ အထက် ပန်းတိုင် အထွက်နှုန်းရရှိခြင်း စသည့် အကျိုး ကျေးဇူးများရရှိမည်ဖြစ်ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တ္ငင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး ၃၄၀၉၃ ဧက စိုက်ပျိုးရန် လျာထားပြီး ဒေသနှင့် ကိုက်ညီသည့် စပါးမျိုးများ စိုက်ပျိုးကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ