မြင်းခြံတက္ကသိုလ်၌ ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာသင်ကြား

မြင်းခြံ ဇွန် ၆

မန္တလေးတိုင်းဒေသကြီး မြင်းခြံတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ သင်ကြားလျက်ရှိကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒုတိယနှစ်ဝက်အား ဇွန်လ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မြင်းခြံတက္ကသိုလ်၌ ကျောင်းသား/ကျောင်းသူ (၁၆၃၇) ဦးတို့က ဘာသာရပ်အသီးသီးတွင် သင်ယူလျက်ရှိသည်။ မြင်းခြံတက္ကသိုလ်၌ သင်ကြားနေသည့် အထူးရပ်ဘာသာရပ်များမှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ အရှေ့တိုင်းပညာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဘူမိဗေဒ စသည့် ဘာသာရပ် (၁၂) ခုအား သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)