လိပ်သိုဒေသထွက် ပေါ်ဦးပေါ်ဖျား တညင်းသီးများ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်းပေါများ သောကြောင့် နေထိုင်သူဒေသခံများမှာ ဉယျာဉ်ခြံသီးနှံ စိုက်ပျိုးမှုလုပ်ငန်းများဖြင့်သာ အဓိကထား လုပ်ကိုင်အသက်မွေးလျက်ရှိပြီး နှစ်ရှည်သီးနှံပင်တစ်မျိုးဖြစ်သည့် တညင်းသီးပင်များကို ရှေးယခင် ကာလကပင် အစဉ်တစိုက်စိုက်ပျိုးခဲ့ကြရာ ယခုရာသီပေါ်ချိန် စတင်ဆွတ်ခူးချိန်၌ ဈေးကောင်းရရှိ လျက်ရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲပြုလုပ်

၂၀၂၃ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် (၁၀) နာရီခွဲ အချိန်က ကသာမြို့ ပတ္တမြား ရပ်ကွက်ရှိ မြို့ဦး ကျောင်းဝင်းအတွင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရွှေဘိုတက္ကသိုလ်တွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်း​ရေး​နေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကျင်းပ

၂၀၂၃ ခုနှစ်၊ ဇွန်လ(၅)ရက်​နေ့တွင် ကျ​ရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း​ရေး​နေ့ (World Environment Day) အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊​ ရွှေဘို တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမအနီးတွင် ယ​မန်နေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

မူဆယ်မြို့တွင် အညာဒေသထွက် စိန်တလုံး-သရက်သီး ရောင်းအားမြင့်တက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် အညာဒေသဘက်မှအဓိကထွက်ရှိသော စိန်တလုံးသရက်သီး ရောင်းအားကောင်းလျက်ရှိပြီး မူဆယ်မြို့ သစ်သီးဈေးကွက်တွင် ယခင်နှစ်ထက်ရောင်းအား မြင့်တက်လျက်ရှိပါသည်။

ရှမ်းရွာသစ်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ မိုးဦးရာသီတွင် ခြင်ပေါက်ဖွားမှုနှုန်း လျော့နည်းစေပြီး သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်မှ ကြိုတင်ကာကွယ်စေရန်ရည်ရွယ်၍ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်း လုပ်ငန်းများကို ယနေ့နံနက်(၇)နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်၌ ကျီတော်ကုန်းဘုန်းတော်ကြီးကျောင်းတိုက်အတွင်းရှိ (၁၁) ကြိမ်မြောက် မဟာပဋ္ဌာန်းကျမ်းမြတ် နေ့/ည အသံမစဲ ရွတ် ဖတ်ပူဇော်ပွဲ အခမ်းအနား ကျင်းပ            

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ (၁၁)ကြိမ်မြောက် မဟာပဋ္ဌာန်း ကျမ်းမြတ် နေ့/ည အသံမစဲရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီအချိန်က မြို့မ အရှေ့ရပ်ကွက်အတွင်းရှိ ကျီတော်ကုန်းဘုန်းတော်ကြီး‌ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to