ကော့မှူး ဇွန် ၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက စာပေချစ်မြတ်နိုးသူများနှင့် Youth Club အဖွဲ့ဝင်များစာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဇာခြည်စိမ့်ကလူငယ်လူရွယ်များအနေဖြင့် နောင်တစ်ချိန်တွင်တိုင်းပြည်၏တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့်သူများဖြစ်သည့်အတွက် အနာဂတ်မျိုးဆက်သစ်များအသိပညာဗဟုသုတများပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ပြည့်စုံစေရန်ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများ Youth Club အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် Book Club အဖွဲ့ဝင်မခင်ရတနာကစာရေးဆရာအောင်ကိုဦး(UMK)ရေးသားသည့် “ကတိစကားလေးတစ်ခွန်းစာအုပ်မှ ”လယ်သမားနဲ့စိန်တုံးများစွာခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဟန်နီရှိန်က “လှတာလေးမှ သဘောကျတယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊မချိုမီမီဇော်ကသရက်ပင်ကြီး တစ်ပင်ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ Youth Club အဖွဲ့ဝင် မခင်ရတနာက အခွင့်အလမ်း ဆိုတာတကယ်တော့လက်တစ်ကမ်းမှာရှိတာပါ၊ အဝေးကြီးလိုက်ရှာစရာမလိုကြောင်း၊ အခွင့်အလမ်းကိုမြင်တတ်ဖို့ပဲအရေးကြီးကြောင်း၊ တစ်ခါတလေအခွင့်အလမ်းကတံခါးခေါက်လာတဲ့အခါ အဲဒီတံခါးခေါက်တာကိုအာရုံနောက်တယ်လို့ထင်တတ်ကြပါကြောင်း၊ နောက်တစ်ချက်ကတူညီတဲ့အခွင့်အလမ်းက ဘယ်တော့မှ(၂)ခါပြန်ရောက်လာလေ့မရှိပါကြောင်း၊ အဲဒီရောက်လာတဲ့တစ်ကြိမ်တစ်ခါကို အမိအရဖမ်းဆုတ်နိုင်ဖို့လိုအပ်ပါကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ကျော်သူရ (ကော့မှူး)