စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေး

စစ်ကိုင်း ဇွန် ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ခရိုင်ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က ခရိုင်အဆင့်ကြီးကြပ်မှု ကော်မတီကို အဖွဲ့ဝင်(၂၃)ဦးဖြင့် ဖွဲ့စည်းထားပါကြောင်း၊ ပထမအကြိမ်လုပ်ငန်းညှိနှိုင်း ဆွေးနွေးရခြင်းဖြစ်ရာ ကော်မတီလုပ်ငန်း(၁၉) ချက် သက်မှတ်ထားပါ ကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် ပတ်ဝန်းကျင် ရေထု၊ မြေထု၊ လေထု သန့်ရှင်းရေးများ ဝိုင်းဝန်းဆောင်ရွက် ပေးသွားကြစေလိုကြောင်း ဆွေးနွေး ပြောကြားခဲ့ပြီး ကော်မတီအတွင်းရေးမှူးက စစ်ကိုင်းခရိုင်အတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများကို အသေးစိတ် ရှင်းလင်းဆွေးနွေးပေးခဲ့သည်။

ဆက်လက်၍ ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့မှု ဆက်လက်ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လုပ်ငန်းများအောင်မြင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ဇော်မြင့်နိုင်