ဟင်္သာတမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိတင်ကာကွယ်ရေး အဘိတ် (Abate) ဆေးခတ်ခြင်းလုပ်ငန်းဆောင်ရွက်

ဟင်္သာတ ဇွန် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာခရိုင်၊ ဟင်္သာတမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်(Abate)ဆေးခတ်ခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် ရေဝပ်သောနေရာများတွင် ပိုးလောက်လန်းမှ တစ်ဆင့် ခြင်ပေါက်ဖွားမှု များပြားလာနိုင်သဖြင့် ရေတင်ကျန်နိုင်သော ဘူးခွက်များ၊ ရေပုံး၊ ရေအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ခြင်ကြောင့်ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေး ရောဂါ၊ ငှက်ဖျားရောဂါ အန္တရာယ်မှ ကင်းဝေးစေရန်၊ ရေသိုလှောင်ကန်များ၊ ရေတိုင်ကီနှင့် ကျောက်စည်ပိုင်းများ၊ ရေအိုးများအား အဘိတ် (Abate) ဆေးခတ်ခြင်းလုပ်ငန်းများကို စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အဘိတ် (Abate) ဆေးခတ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင် ရာ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရ  အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ များ ပူးပေါင်းပြီး ဆောင်ရွက်ကြ ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)