မိုင်းတုံမြို့လူထုအ‌ခြေပြုဗဟိုဌာနရှိ (Community Centre)ခန်းမ၌ မူးယစ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက မူးယစ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးTalk Show ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

ဖျာပုံမြို့၌ တရားမဝင်ကုန်သွယ်မှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့မှ ဦးဆောင်၍ တရားမဝင်ကုန်သွယ်မှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

မင်းလှမြို့၌ သရက်ခရိုင်နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှုကော်မတီမှ စီမံကိန်းလုပ်ငန်းများ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သရက်ခရိုင်နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း ကြီးကြပ်မှုကော်မတီမှ စီမံကိန်းလုပ်ငန်းများ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၁)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တပ်ကုန်းမြို့၌ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာအသိပညာပေး(Talk Show)ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)တို့ ပူးပေါင်း၍ မသန်စွမ်း သူများ၏ အခွင့်အရေးဆိုင်ရာအသိပညာပေး(Talk Show) ဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပသည်။

စလင်းမြို့နယ် သမြင်ကင်းကျေးရွာအုပ်စု အိမ်ထောင်စု(၁၆၀)အား ရေဘေးကြောင့် ပျက်စီးခဲ့သည့် အိမ်ထောင်စုဇယားများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အရှိန်အဟုန်မြှင့် အခမဲ့ကွင်းဆင်းဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း သမြင်ကင်းကျေးရွာအုပ်စုရှိ အိမ်ထောင်စု(၁၆၀)ကို ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှု မိုးသည်းထန်စွာရွာသွန်းခဲ့ကာ စလင်းချောင်းရေမြှင့်တက်ရေဝင်ရောက်မှုရှိခဲ့ပြီး ပျက်စီး၊ ပျောက်ဆုံးသွားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုဇယားများအား ပြန်လည်ဆောင်ရွက်လုပ်ဆောင်ပေးခြင်းကို ဇွန်လ ၆ ရက်နေ့နံနက်ပိုင်းက လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ သမြင်ကင်းကျေးရွာအုပ်စု ကညှပ်ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ဓမ္မာရုံ၌ ဆောင်ရွက်ပေးကြောင်း သိရသည်။

ပုသိမ်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း ရန်ပုံငွေဖြင့်ဆောင်ရွက်သော စိုက်ပျိုးရေး၊ မွေးမြူရေး၊ စီးပွားရေးကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများအား မတည်ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကျင်းပ

နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း ရန်ပုံငွေဖြင့်ဆောင်ရွက်သော စိုက်ပျိုးရေး၊ မွေးမြူရေး၊ စီးပွားရေး ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်တောင်သူများအား မတည်ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းစံမြို့ ခလရ(၁၅၀)ခြေလျင်တပ်ရင်း၌ ပထမအကြိမ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့ ခလရ (၁၅၀) ခြေလျင်တပ်ရင်းမှ ဗိုလ်မှူး လှမင်းစိုးက ဦးဆောင်၍ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို  ယနေ့ နံနက်(၈)နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ပါသည်။

ပုသိမ်မြို့၌ သူနာပြုနှင့် သားဖွား သင်တန်းကျောင်း အပတ်စဉ် (၃၇) သူနာပြု-သားဖွား ဒီပလိုမာသင်တန်း ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားကျင်းပ

ပုသိမ်မြို့၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ အပတ်စဉ်(၃၇) သူနာပြု-သားဖွား ဒီပလိုမာသင်တန်း ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားအား ယမန်နေ့ နံနက်ပိုင်း က ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ များနှင့် သင်တန်းသား၊ သင်တန်းသူ များ တက်ရောက်ခဲ့ကြသည်။

သိန္နီမြို့၌ e-ID စနစ်ဆောင်ရွက်လို့ လူမှုစီးပွားမြှင့်တင်စို့ လက်ကမ်းစာစောင်များဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား ပြည်သူများသိရှိစေရန်အတွက် e-ID စနစ်နှင့်ပတ်သက်သည့် အသိပညာပေးအကြောင်းအရာများပါဝင်သော e-IDစနစ်ဆောင်ရွက်လို့ လူမှုစီးပွားမြှင့်တင်စို့ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။

တံတားဦးမြို့နယ်တွင် လယ်ယာထွန်စက်အငှားလိုက်လံမောင်းနှင်သူများ အဆင်ပြေလျက်ရှိ

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် မိုးစပါးနှင့်အခြားသီးနှံများ စိုက်ပျိုးနိုင်ရန်အတွက် တောင်သူများအနေဖြင့် မိမိတို့ လယ်ယာမြေများ ထွန်ယက်စိုက်ပျိုးရာတွင် ယခင်ကနွားရှဉ်းများကိုသာ အသုံးပြုခဲ့သော်လည်း ယခုအခါအချိန်ကုန်သက်သာသည့် လယ်ထွန်စက်ကြီးများ တွင်ကျယ်စွာ အသုံးပြုလာကြသည့်အတွက် လယ်ထွန်စက်မောင်းနှင်သူများ အဆင်ပြေလျက်ရှိကြောင်းသိရသည်။
Subscribe to