မိုင်းတုံ ဇွန် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက မူးယစ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးTalk Show ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မိုင်းတုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က အသိပညာပေး Talk Show ဆွေးနွေးပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီးနောက်၊ မိုင်းတုံမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲမှူးမြင့်အောင် ကလူငယ်မျိုးဆက်သစ်တို့လမ်းမှားပေါ် မရောက်အောင်၊ မမှီဝဲသင့်သည်ကို မှီဝဲမိပြီးမိမိတို့ရဲ့ ဘဝလေးတွေရေတိမ်မနှစ်အောင်၊ အန္တရာယ်ကိုကြိုတင်ကာကွယ်နိုင်ပြီး ဆောင်ရန်ရှောင်ရန်များ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ၊ ထိန်းချုပ်ဓာတုပစ္စည်းများကို သုံးစွဲခြင်း၊ လက်ဝယ်ထားရှိရောင်းဝယ်ခြင်းများကျူးလွန်ပါက ဆိုးကျိုးများ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် မိုင်းတုံမြို့နယ်အတွင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများနှင့်ပတ်သက်၍ ပညာပေးဆောင်ရွက်နေမှုများအကြောင်း အကျယ်တဝင့်ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါTalk Showဆွေးနွေးပွဲအား ပြည်သူများကြည့်ရှုလေ့လာမှတ်သားနိုင်စေရေးအတွက် Online မှတဆင့် စဉ်ဆက်မပြတ်ထုတ်လွှင့်ပြသပေးလျက်ရှိရာ သိရှိလိုသည်များအား We Love Mong Tong Facebook Page တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
မျိုးကျော်စိုး(မိုင်းတုံ၊ပြန်/ဆက်)