စလင်း ဇွန် ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း သမြင်ကင်းကျေးရွာအုပ်စုရှိ အိမ်ထောင်စု(၁၆၀)ကို ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှု မိုးသည်းထန်စွာရွာသွန်းခဲ့ကာ စလင်းချောင်းရေမြှင့်တက်ရေဝင်ရောက်မှုရှိခဲ့ပြီး ပျက်စီး၊ ပျောက်ဆုံးသွားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုဇယားများအား ပြန်လည်ဆောင်ရွက်လုပ်ဆောင်ပေးခြင်းကို ဇွန်လ ၆ ရက်နေ့နံနက်ပိုင်းက လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ သမြင်ကင်းကျေးရွာအုပ်စု ကညှပ်ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ဓမ္မာရုံ၌ ဆောင်ရွက်ပေးကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးတင်အေးဦးဆောင်မှုနှင့်အတူ ဝန်ထမ်းများက အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ စလင်းချောင်းရေဝင်ရောက်မြှင့်တက်မှုကြောင့် ပျက်စီး၊ ပျောက်ဆုံးသွားသော သမြင်ကင်းကျေးရွာအုပ်စုမှ အိမ်ထောင်စု(၁၆၀)ကို အိမ်ထောင်စုဇယားများ ပြန်လည်ဆောင်ရွက်ပေးခြင်း၊ နိုင်ငံသားစီစစ်ရေးကတ်ပြား(၃၁၉)ခုကို အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ ပြုလုပ်ရန်ကျန်ရှိနေသူများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ထိုသို့ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လုပ်ဆောင်ပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့်အတူ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးအရာရှိ ဦးတင်အေး၊ ဗိုလ်မှူး ထင်လင်းအောင်ဦးစီးသော နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များလိုက်ပါ၍ ကွင်းဆင်းကြည့်ရှုခဲ့ကာ ကျေးလက်နေပြည်သူတို့၏ အအခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)