သိန္နီ ဇွန် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား ပြည်သူများသိရှိစေရန်အတွက် e-ID စနစ်နှင့်ပတ်သက်သည့် အသိပညာပေးအကြောင်းအရာများပါဝင်သော e-IDစနစ်ဆောင်ရွက်လို့ လူမှုစီးပွားမြှင့်တင်စို့ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် သိန္နီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်သူနှင့်ဝန်ထမ်းများက သိန္နီမြို့ရှိ ဈေးဆိုင်များ၊ ဌာနဆိုင်ရာရုံးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့်ပြည်သူများအား ဖြန့်ဝေးပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ လက်ကမ်းစာစောင်တွင် e-IDစနစ်အကြောင်း၊ e-ID စနစ်၏ အဓိကရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ၊ e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် အဆင့်(၅)ဆင့်၊ အချက်အလက်များကောက်ယူရာတွင် အသုံးပြုမည့်စက်ပစ္စည်းများစသည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)