ဖျာပုံမြို့၌ တရားမဝင်ကုန်သွယ်မှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဖျာပုံ ဇွန်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့မှ ဦးဆောင်၍ တရားမဝင်ကုန်သွယ်မှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ တရားမဝင်ကုန်သွယ်မှုဆိုင်ရာ အသိပညာပေး ဟောပြောရာတွင် ဖျာပုံခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ခရိုင် ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး ခင်မောင်လေးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ အတွင်းရေးမှူး၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်း ကတရားမဝင်ကုန်စည်များနှင့် ပတ်သက်၍ ပို့ကုန်သွင်းကုန်လိုင်စင်ရှိ/မရှိ၊ သတ်မှတ်ထား သော ကုန်အညွှန်း အမှတ်အသားများ ​ရေးသားဖော်ပြထားခြင်း ရှိ/မရှိ စသော တရားမဝင် ကုန်စည်များနှင့် ပတ်သက်၍ အသေးစိတ် အသိပညာပေး ရှင်းလင်း ဆွေးနွေးရာ တက်ရောက်လာကြသော စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များ ပြန်လည်မေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက အသီးသီး ပြန်လည်ဆွေးနွေးပြောကြားကြသည်။

ထို့နောက် အမှတ် (၈၀) ယာဥ်ထိန်းရဲတပ်ဖွဲ့စု (ဖျာပုံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ယဥ်မင်းသိုက်မှ မော်တော်ယာဥ်များ မောင်းနှင်ပြေးဆွဲခြင်းနှင့် ပတ်သက်၍ လိုက်နာ ရမည့် စည်းကမ်းချက်များအား ရှင်းလင်းဆွေးနွေးပြောကြားပြီး ဖျာပုံခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့  ဒုတိယဥက္ကဋ္ဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး ခင်မောင်လေးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့​ကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)