မိုင်းစံမြို့ ခလရ(၁၅၀)ခြေလျင်တပ်ရင်း၌ ပထမအကြိမ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မိုင်းစံ ဇွန် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့ ခလရ (၁၅၀) ခြေလျင်တပ်ရင်းမှ ဗိုလ်မှူး လှမင်းစိုးက ဦးဆောင်၍ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို  ယနေ့ နံနက်(၈)နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲဆောင်ရွက်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများ ရရှိစေရေး၊ အပူဒဏ်ကာကွယ်နိုင်ရေး၊ သစ်တောသစ်ပင်တန်ဖိုးများကို အလေးထားသိရှိနိုင်စေရန် ရည်ရွယ်၍ မယ်ဇလီ (၂၀)ပင်၊ ကျွန်း (၂၀)ပင်၊ ထောပတ်(၄၀)ပင် စုစုပေါင်း(၈၀)ပင်တို့အား  စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

စိုက်ပျိုးပွဲတွင် ခလရ(၁၅၀)မှ တပ်မိသားစုဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးပြည့်လှိုင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 မိုင်းစံ (ပြန်/ဆက်)