ကန့်ဘလူမြို့တွင် သရက်ပြား ပြုလုပ်ရောင်းချခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် သရက်သီးများ အများအပြားပေါ်ချိန် ရောင်းတန်းမဝင်သည့် သရက်သီးအမှည့်များအား သရက်ပြားပြုလုပ်ရောင်းချ ခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစု အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သရက်ပြားပြုလုပ်ရောင်းချသူများထံမှ သိရသည်။

ကန့်ဘလူခရိုင်၌ မိုးရာသီသီးနှံစုံဧက ၆၈၉၀၀၀ ကျော် လျာထားစိုက်ပျိုးမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များမှ ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် စိုက်ပျိုးရေးကို အဓိကအား ထားလုပ်ကိုင်ကြသူများဖြစ်ပြီး နွေ၊ မိုး၊ ဆောင်းရာသီအလိုက် သီးနှံများကို စိုက်ပျိုးကြကြောင်း သိရသည်။ ယခုနှစ်မိုးရာသီတွင် ဆည်ရေ သောက်၊ ချောင်းပိတ်၊ မြောင်းပိတ်၊ လျှပ်စစ်ရေတင်၊ မိုးကောင်းသောက်ရေနှင့် မြေအောက် ရေတင်စနစ် များဖြင့် ခရိုင်အတွင်းရှိမြို့နယ်များတွင် မိုးရာသီသီးနှံစုံ ၆၈၉၇၆၃ ဧကကို လျာထား စိုက်ပျိုးမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

လက်ပံတန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပညာရေးဌာန၊ Book Club ၊ Youth Club အဖွဲ့တို့နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)၊ ဝါသနာတူ လူငယ်များအသင်း (Youth Club)၊ ပညာရေးဌာနတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြင့်မားရေးအတွက် စာရေးဆရာ မောင်ငြိမ်းသူ(ကြို့ပင်ကောက်)ရေးသားသည့်“ပန်းလည်းလှစေ ပျားလည်းဝစေ” စာအုပ်အား ယမန်နေ့မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးစပါး ဧက ၃၄၀၀၀ ကျော် စိုက်ပျိုးမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်လျက်ရှိရာ ယခုနှစ် မိုးစပါး ဧက ၃၄၀၀၀ ကျော် လျာထား စိုက်ပျိုးမည်‌ဖြစ်ကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ရွှေတောင်မြို့တွင် ဆီလုပ်ငန်းရှင်များမှ ဒေသခံပြည်သူများအား စျေးနှုန်းသက်သာစွာဖြင့် စားအုန်းဆီများရောင်းချ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် ယမန်နေ့နံနက်ပိုင်းက ဒေသခံပြည်သူများအား စျေးနှုန်းသက်သာစွာဖြင့်  စားအုန်းဆီများ ရောင်းချပေးခဲ့ကြောင်း သိရသည်။

အခြေခံပညာကျောင်းများသို့ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နေ့လယ်က အ.လ.က (ဝန်လို)ကျောင်းတွင် အသိပညာပေးဟောပြောခဲ့သည်။

သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စက်မှု၊ စိုက်ပျိုး‌ရေး၊မွေးမြူရေး အထက်တန်းကျောင်းတတ်‌ရောက်မည့် သင်တန်းသားများအတွက် ရရှိမည့်အခွင့်အလမ်းများအကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းတတ်‌ရောက်မည့် သင်တန်းသားများအတွက် ရရှိမည့်အခွင့်အလမ်းများအကြောင်း သိကောင်းစရာအသိပညာပေး (Talk Show) ကို ယမန်နေ့ မွန်းလွှဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

ရသေ့တောင်မြို့၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အသက်(၂)လမှ (၂)နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ရ‌သေ့တောင်မြို့၌ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အသက်(၂)လမှ(၂)နှစ်အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က မိခင်နှင့်ကလေးကျန်းမာရေးဌာနက ထိုးနှံ တိုက်ကျွေးပေးလျက်ရှိသည်။

ရခိုင်ပြည်နယ်အစိုးရနှင့် အလှူရှင်များမှ လှူဒါန်းသည့်ပစ္စည်းများ ဖွင့်ဖောက်စစ်ဆေးနိုင်ရေး တွေ့ဆုံဆွေးနွေး

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးပြန်လည်ထူထောင်ရေးကော်မတီနှင့် အလှူရှင်များ ထောက်ပံ့သည့် ထပ်မံရောက်ရှိလာမည့် ပစ္စည်း(၆)မျိုး တင်ဆောင်လာသည့် ပြည်တွင်းရေကြောင်းပိုင် “ကုလားတန်(၅)” ရေယာဉ်မှ ထောက်ပံ့ပစ္စည်းများ ဖွင့်ဖောက်စစ်ဆေး အတည်ပြုနိုင်ရေးအတွက် မြို့နယ်ထောက်ပံ့ပစ္စည်းများဖွင့်ဖောက်စစ်ဆေးရေး ကော်မတီဝင်များနှင့် ညှိနှိုင်းဆွေးနွေးမှုကို ယနေ့နေ့လယ် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧည့်ရိပ်သာ၌ ပြုလုပ်သည်။

ပုဗ္ဗသီရိမြို့၌ သဘာဝဘေးအန္တရာယ်အသိပညာပေး Talk Show ကျင်းပ

ပုဗ္ဗသီရိမြို့၌ သဘာဝဘေးအန္တရာယ်အသိပညာပေး Talk Show ကျင်းပ ပုဗ္ဗသီရိ လှိုင်မြင့်(ပြန်/ဆက်)
Subscribe to