တံတားဦး ဇွန် ၈
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် မိုးစပါးနှင့်အခြားသီးနှံများ စိုက်ပျိုးနိုင်ရန်အတွက် တောင်သူများအနေဖြင့် မိမိတို့ လယ်ယာမြေများ ထွန်ယက်စိုက်ပျိုးရာတွင် ယခင်ကနွားရှဉ်းများကိုသာ အသုံးပြုခဲ့သော်လည်း ယခုအခါအချိန်ကုန်သက်သာသည့် လယ်ထွန်စက်ကြီးများ တွင်ကျယ်စွာ အသုံးပြုလာကြသည့်အတွက် လယ်ထွန်စက်မောင်းနှင်သူများ အဆင်ပြေလျက်ရှိ ကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် လယ်တစ်ဧကလျှင် ထယ်ရေးခ ကျပ်(၄၅,၀၀၀)၊ ထွန်ယက်ခ ငွေကျပ်(၄၀,၀၀၀)ကျပ်ရရှိပြီး ခရီးအကွာအဝေးအပေါ်မူတည်၍ တစ်နေ့လျှင် နီးပါက(၁၃)ဧကခန့်၊ ဝေးပါက(၈) ဧကခန့်ပြီးစီးသည့်အတွက် လယ်ယာထွန်စက်အငှားလိုက်လံမောင်းနှင်ခြင်းဖြင့် ဝင်ငွေများအဆင်ပြေလျက်ရှိကြောင်း သူငယ်တော်ကျေးရွာမှ လယ်ယာထွန်စက် အငှားလိုက်လံ မောင်းနှင်သူ ကိုရဲက ပြောသည်။
“ကျွန်တော်တို့ တောင်သူတွေကတော့ လယ်ယာမြေတစ်ဧကကို ပုံမှန်ဆိုရင် နွားရှဉ်းနှစ်ရှဉ်း ငှားရတယ်။ နွားတစ်ရှဉ်းကို နေ့တစ်ဝက်အတါက် လုပ်အားခက ကျပ် ၁၅,၀၀ဝိ/- ပေးရတဲ့အပြင် နံနက်စာထမင်းပါ တာဝန်ယူရတယ်။ ဒါကြောင့်မို့လို့ နွားရှဉ်းတွေအစား အခုလို ထွန်စက်တွေငှားပြီးလုပ်တာက အချိန်ကုန်လည်း သက်သာတယ်။ လူလည်းမပင်ပန်းတော့ဘူးပေါ့” ဟု တောင်သူ ဦးဉာဏ်ထွန်းက ပြောသည်။
ရဲတင့်(ပြန်/ဆက်)