မိုင်းလုံမြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့်မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်‌ကျွေးထိုးနှံခြင်းဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး ထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီအချိန်ခန့်က မိုင်းလုံမြို့၊ တိုက်နယ်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။

မိုးကောင်းမြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ စာရေးဆရာ အောင်သင်းရေးသား သည့် ကျောင်းသားလူငယ်တွေနှင့် အခြားဆောင်းပါးစာအုပ်ဖြင့် ယမန်နေ့ ညနေ(၃)နာရီတွင် Book Club အသင်းဝင်များ စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းမြို့၌ ဖုံး၊ သွန်၊ လဲ၊ စစ် အဘိတ်ဆေးခပ်ခြင်းနှင့် အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် အဘိတ်ဆေးခပ်ခြင်းနှင့်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၈း၃၀ နာရီအချိန်ခန့်က ပြုလုပ်ခဲ့ကြသည်။

ဒေးဒရဲမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် နွေစပါးစိုက်ပျိုးထုတ်လုပ်ပြီးစီးမှုနှင့် မိုးစပါးစိုက်ဧကများအား သွင်းအားစုများ ထောက်ပံ့ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သွင်းအားစုများဖြစ်သည့် ဓာတ်မြေသြဇာများ အချိန်မီထောက်ပံ့ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းတွင်ကျင်းပပြုလုပ်ခဲ့ရာ ဖျာပုံခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများနှင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ (Community Centre) ခန်းမ၌ ဇွန် ၈ ရက်နံနက် ၁၀ နာရီက ပြည်ထောင်စုရာထူးဝန်အဖွဲ့မှထုတ်ဝေသည့် နိုင်ငံ့ဝန်ထမ်းဥပဒေစာအုပ်ဖြင့် ဝန်ထမ်းများစုပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

တစ်ခါတစ်ခေါက် အရောက်လှမ်းလာဖို့ ရွှေမိုင်းယောင်းက ဖိတ်ခေါ်ကြိုဆို

မိုင်းယောင်းမြို့နယ်ကို ပါဋ္ဌိဘာသာအားဖြင့် “မဟိရင်္ဂရဋ္ဌတုံ”ဟုခေါ်ဆိုကြောင်းသိရပြီး မင်္ဂလာဆင်ဝပ်သည့်နေရာတွင် တည်ထောင်ခဲ့၍ ဆင်မင်းမြို့၊ ရှမ်းဘာသာဖြင့် “ဝင်းကျန်မြို့”ဟု ခေါ်ဆိုကြောင်း သိရှိရပါသည်။ မိုင်းယောင်းမြို့၏ အဓိပ္ပာယ်မှာ “မိုင်း”သည် မြို့ဖြစ်၍ “ယောင်း”သည် တောင်ယာမီးရှို့၍ လေထဲတွင် လွင့်ပျံကျလာသောပြာကို ခေါ်ဆိုကြောင်း သိရှိရပါသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ စီးပွားဖြစ် အုန်းပင်စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ကွင်းဆင်းသရုပ်ပြ လေ့ကျင့်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် စီးပွားဖြစ် အုန်းပင်စိုက်ပျိုး ထုတ်လုပ်ခြင်းနှင့် ကွင်းဆင်းသရုပ်ပြလေ့ကျင့်ခြင်း သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းကာလမှာ ဇွန်လ ၈ ရက် နေ့မှ ၁၀ ရက်နေ့အထိဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေပေး

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ဇွန်(၆)ရက် နံနက်ပိုင်းက ပါရမီရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှိ ကျောင်းသား/ ကျောင်းသူလေး များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

သံပုရာသီးဈေးကောင်းရ၍ စိုက်ပျိုးတောင်သူများအဆင်ပြေ

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်ရှည်ပင်များကို တစ်ပိုင်တစ်နိုင်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း မိမိမြေပေါ်မူတည်၍ သီးနှံပင်များကို ရွေးချယ်စိုက်ပျိုး လျက်ရှိကြရာ ရွာသာလေးကျေးရွာတွင် စိုက်ပျိုးထားရှိသည် (သံပုရာ) မြန်မာမျိုးပင်များမှာ အောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး ယခုအခါ ခူးယူ‌ရောင်းချလျက်ရှိကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပြည်သူလူထုများအား ဆေးကုသပေးနေမှုများ သွားရောက်ကြည့်ရှုပြီး မိုခါမုန်တိုင်းကြောင့် အမိုးလ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် (၁၀း၀၀) အချိန်က ဘူးသီးတောင်မြို့ လမ်းမဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့မှ ပြည်သူလူထုများသို့ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဆေးကုသပေးနေမှုအခြေအနေများအား သွားရောက်ကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့ပြီး လမ်းမဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တတေဇောဘာသအားဖူးမျှော်ကာ ဩဝါဒခံယူပြီး မိုခါမုန်တိုင်းကြောင့် အမိုးလန် ပျက်စီးသွားသော လမ်းမဘုန်းတော်ကြီးကျောင်း၊ ရွာမဘုန်းတော်ကြီးကျောင်း၊ လေးမျက်နှာတောရဘုန်းတော်ကြီးကျောင်း၊ သာသနာ့ရိပ်သာဘုန်းတော်ကြီး ကျောင်း၊ ရွှေဗိမ္မာန်ဘုန်းတော်ကြီးကျောင်း၊ ဂန္ဓာရီဘုန်းတော်ကြီးကျောင်း၊ နန္ဒဝံတပ်ဦးဘုန်းတော်ကြီးကျောင်း၊ မင်္ဂလာမြို့ဦးဘုန်းတော်ကြီးကျောင်း စုစုပေါင်း ဘုန်းတော်ကြီးကျောင်း (၈) ကျောင်းတို့အတွက် ပြန်လည်ပြုပြင်ရန်လိုအပ်သော အမိုးသွပ်၊ ဆန်များနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မုန်တိုင်းဒဏ်သင့် ဘုန်းတော်ကြီးကျောင်းများထံသို့လှူဒါန်းသော နဝကမ္မငွေသားများ ကျောင်းထိုင်ဆရာတော်ကြီးများအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Subscribe to