အမာမြို့ အခြေခံပညာအထက်တန်းကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မိုးဦးကျတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကြိုတင် ကာကွယ်နိုင်ရေးအတွက်  အဘိတ်ဆေးထည့်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၉) နာရီခွဲခန့်ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်တွင် “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး” အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး” အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို ယမန်နေ့နံနက်(၉) နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နယ် ဘက်ရဲမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ် (Abate) ဆေးခတ်ခြင်းလုပ်ငန်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ဘက်ရဲမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်(Abate)ဆေးခတ်ခြင်း လုပ်ငန်း ကို ယမန်နေ့ နံနက်ပိုင်းက ဘက်ရဲမြို့ပေါ်ရှိ ကျောင်းများနှင့် ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြသည်။

လားရှိုးမြို့တွင် ဆရာတော်သံဃာတော်များနှင့် သီလရှင်အပါး ၆၀၀ ကျော်တို့အား အရုဏ်ဆွမ်းလောင်းလှူ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ မြန်မာ့မီးရထားသဗ္ဗသုခဗုဒ္ဓဝေယျာဝစ္စ(လစဉ်)အရုဏ် ဆွမ်းလောင်းအသင်းမှကြီးမှူးကာ ယမန်နေ့နံနက် ၅ နာရီအချိန်က မြန်မာ့မီးရထားဘူတာရုံရှေ့တွင် အရုဏ်ဆွမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။

ပေါက်တောမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ် နိုင်ရေးအတွက် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်ကလေးအဖွဲ့များပါဝင်သော ပူးပေါင်း အဖွဲ့သည် ယနေ့ညနေပိုင်းက အရှေ့ပိုင်းရပ်ကွက်သို့ သွားရောက်ပြီး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကြံခင်းမြို့နယ် ရေလယ်ကျွန်းကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံဖြိုးရေး လုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်း ဖြင့် ယမန်နေ့ နံနက်ပိုင်းက ရေလယ်ကျွန်းကျေးရွာအုပ်စုရှိ ကုန်းမြင့်ဆောင်တွင် ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကလေးမြို့တွင် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များ အထူးဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် တိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်ဖြင့် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက်ပိုင်းက တောင်ဇလပ်ရပ်ကွက်၊ ဗန္ဓုလလမ်းတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရောင်းချပေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့၌ “စိတ်ဓာတ်ဖြူစင် လှပဝန်းကျင်”ခေါင်းစဉ်ဖြင့် အသိပညာပေး(Talk Show)ဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဇွန်လ ၆ ရက်နေ့နံနက် ၁၁ နာရီအချိန်က စိတ်ဓာတ်ဖြူစင် လှပဝန်းကျင် ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။

မိုင်းယောင်းမြို့နယ်၌ ဝန်ထမ်းသက်သာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဗလမင်းထင်ခန်းမ၌ ဇွန်လ ၆ ရက်နံနက် ၁၀ နာရီက ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ဝန်ထမ်းသက်သာ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှထုတ်ပြန်သည့် ဘဏ်လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များအပေါ် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များအား ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲကျင်းပ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များနှင့်စပ်လျဉ်း၍ ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များအား ပိုမိုနားလည်သိရှိစေရန်အတွက် ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကုန်သည်စက်မှုအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to