တပ်ကုန်း ဇွန် ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)တို့ ပူးပေါင်း၍ မသန်စွမ်း သူများ၏ အခွင့်အရေးဆိုင်ရာအသိပညာပေး(Talk Show) ဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပသည်။
အဆိုပါ(Talk Show)အစီအစဉ်တွင် တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)တို့က မြန်မာနိုင်ငံရဲ့မသန်စွမ်းမှုအခြေအနေ၊ မသန်စွမ်းသူဆိုတာ ဘယ်သူတွေကိုခေါ်တာလဲ၊ ဘာကြောင့်မသန်စွမ်းဖြစ်ရတာလဲ၊ မသန်စွမ်းသူများ ပညာတတ်မြောက်မှုနှုန်းအကြောင်းစသည့် မေးခွန်းများကို ဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန်အတွက် Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါမသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာအသိပညာပေး(Talk Show) အစီအစဉ်အပြည့်အစုံကို တပ်ကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်