ပဲခူးမြို့၌ ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များရယူပေးနိုင်ခဲ့သည့် အားကစားသမားများ၊ အုပ်ချုပ်/နည်းပြများအား ထပ်ဆင့်ဂုဏ်ပြုခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့မှ တက်ရောက်ချီးမြှင့်
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇွန်လ(၇)ရက်နေ့၊ နံနက်ပိုင်းက (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများနှင့် တိုင်းဒေသကြီး/ပြည်နယ် အားကစားပြိုင်ပွဲ များတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ရယူပေးနိုင်ခဲ့သည့် အားကစားသမားများ၊ အုပ်ချုပ်/နည်းပြများအား ထပ်ဆင့် ဂုဏ်ပြုခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့မှ တက်ရောက်ချီးမြှင့် ခဲ့ကြသည်။