လပွတ္တာမြို့နယ်တွင် ပြည်သူများသိရှိစေရန် e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ ကောက်ယူမှတ်ပုံတင်ခြင်း လုပ်ငန်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

လပွတ္တာ ဇွန် ၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြိုနယ်တွင် ယနေ့ နံနက်ပိုင်းက e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ ကောက်ယူမှတ်ပုံတင်ခြင်း လုပ်ငန်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် မြို့ပေါ် ရပ်ကွက်များ၊ လူစည်ကားရာနေရာ များတွင် ဖြန့်ဝေပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လပွတ္တာ မြို့နယ်ဦးစီးမှူး ဦးဆန်းဦးနှင့် ဝန်ထမ်းများက ပြည်သူများအား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။ အဆိုပါ လက်ကမ်းစာစောင်တွင် e- ID စနစ်အ‌ကြောင်း၊ e- ID စနစ် အကောင် အထည်ဖော် ဆောင်ရွက်မည့် အဆင့် (၅)ဆင့်၊ e-ID စနစ်၏ အဓိကရည်ရွယ်ချက်၊ UID(Unique Identity) နံပါတ်အကြောင်း စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)