ပုဗ္ဗသီရိ​မြို့နယ်တွင် မိုးရာသီအကြို နှစ်ရှည်ပင်နှင့် အရိပ်ရပင် အပင် ၃၀၀ စိုက်ပျိုးပွဲကျင်းပ

ပုဗ္ဗသီရိမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း မြေကွက်လပ်များ၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အများပြည်သူ အသိပညာပေး (Talk Show) ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများက Online စနစ်ဖြင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အများပြည်သူအသိပညာပေး (Talk Show) အစီအစဉ်ကို ယနေ့နံနက် (၁၀)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရိုက်ကူးတင်ဆက်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ နားလင်းဘုန်းတော်ကြီးကျောင်းသို့ ဌာနစုပေါင်းလှူဒါန်းငွေများ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နားလင်းဘုန်းတော်ကြီးကျောင်းတိုက် ကျောင်းဆောင်သစ်ဆောက်လုပ်ရာတွင် အသုံးပြုရန်အတွက် ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးစီးမှုဖြင့် ဌာနစုပေါင်း လှူဒါန်းငွေများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းတွင် ဦးဆောင်းနှင့် ဂျုတီကုတ်အပ်နှင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း အပတ်စဉ်(၃၀)၊ “ဦးဆောင်းနှင့်ဂျူတီကုတ်အပ်နှင်းပွဲ”ကို ယနေ့နံနက် (၉း၃၀)နာရီအချိန်က သူနာပြုနှင့်သားဖွားသင်တန်းကျောင်း (လားရှိုး)တွင် ကျင်းပခဲ့သည်။

နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Club အဖွဲ့များ ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Club အဖွဲ့များပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ (Gender,CEDAW,NSPAW) အသိပညာပေးသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှဖွင့်လှစ်သည့် (Gender,CEDAW,NSPAW) အသိပညာပေးသင်တန်းကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းရှူးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီ လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် သစ်တောဦးစီးဌာနက “၂၀၂၃ခုနှစ်၊ မိုးရာသီ လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ” အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက ဝမ်ဆော့ကျေးရွာအုပ်စု၊ ဟိုက်ဟောင်ကျေးရွာ၌ ကျင်းပခဲ့သည်။

သပိတ်ကျင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်(၁)လုံးပျက်စီးပြီး (၁)လုံး တောင်ကျရေနှင့်အတူ မျောပါ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်(၁)လုံး ပျက်စီးခဲ့ပြီး (၁) လုံးမှာ တောင်ကျရေနှင့်အတူ မျောပါသွားကြောင်း သိရသည်။

ပင်းတယ၌ မိုးဦးကျကာလတွင် သဘာဝအလျောက်ထွက်ရှိသော မှိုများရှာဖွေရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ သည် မိုးဦးကျကာလတွင် တောင်ယာစိုက်ပျိုးခြံ များနှင့် တောတောင်များအတွင်း၌ သဘာဝအလျောက်ထွက်ရှိသော မှိုဒေသအခေါ်(မှိုဦးညို)များ ရှာဖွေရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Subscribe to