ချမ်းအေးသာစံမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ဖြစ်ပေါ်စေရန်၊ ဖတ်မှတ်စွမ်းရည် တိုးတက်လာစေရန် ရည်ရွယ်၍ စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။