ဟိုပန် ဇွန် ၈
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “e-ID စနစ်ဆောင်ရွက်လို့ လူမှုစီးပွားမြှင့်တင်စို့” ဆောင်ပုဒ်နှင့်အညီ ပြည်သူများ၏ လူမှုစီးပွားရေး ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူ လျင်မြန်လာစေရန်အတွက် e-ID စနစ်ဆိုင်ရာ အချက်အလက်များ ပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက်(၉)နာရီက ဟိုပန်မြို့မဈေးကြီး၌ ဖြန့်ဝေဆောင်ရွက်ခဲ့သည်။
လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟိုပန်မြို့နယ် ဦးစီးမှူး ဦးနော်ဟိန်းနှင့် ဝန်ထမ်းများက e-ID စနစ် အကောင်အထည်ဖော် ဆောင်ရွက်မည့် အဆင့်(၅)ဆင့်၊ အချက်အလက်များ ကောက်ယူရာတွင် အသုံးပြုမည့် စက်ပစ္စည်းများ၊ e-ID စနစ်၏ အဓိပ္ပါယ်၊ အဓိကရည်ရွယ်ချက်များ၊ UID နံပါတ်ထုတ်ပေးခြင်း ဆိုင်ရာများ၊ အကျိုးကျေးဇူးများ စသည့် အချက်အလက်များ ပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင် အစောင်(၃၀၀)အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး လူစည်ကားရာနေရာဖြစ်သည့် ဟိုပန်မြို့မစျေးရှိ ဈေးရောင်းသူ၊ဈေးဝယ်သူများနှင့် အများပြည်သူများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)