ကလောမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

ကလော ဇွန် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်တွင် ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်က ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး၊ လူရည်ချွန်များ ပေါ်ထွက်လာစေရေးနှင့် နိုင်ငံတော်၏ သားကောင်းရတနာများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်များဖြင့် ယခုလိုပြိုင်ပွဲများ ပြုလုပ်ပေးရခြင်းနှင့်ပြိုင်ပွဲများ စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ ပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကိုကိုကြီးက အဆိုပါပြိုင်ပွဲအတွက် အမှတ်ပေးစည်းမျဉ်း စည်းကမ်းများအကြောင်းတို့ကို ဆွေးနွေးခဲ့ကြသည်။ ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ပြိုင်ပွဲများတွင် ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတို့ကို ဇွန်လ စတုတ္ထအပတ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)