ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်း (၂/၂၀၂၂) ဖွင့်ပွဲကျင်းပ
မွန်ပြည်နယ်၊ သထုံခရိုင်မီးသတ်ဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် ခရိုင်အဆင့်ရှာဖွေ ကယ်ဆယ်ရေးသင်တန်း(၂/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၈)နာရီ အချိန်ခန့်က သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပ ပြုလုပ်သည်။