ပုဏ္ဏားကျွန်းမြို့နယ်၌ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးသွားသော မြို့တွင်း ထရန်စဖော်မာလိုင်းများကို စစ်ဆေး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးသွားသော ဓာတ်အားလိုင်းများ အမြန်ဆုံးပြီးစီးနိုင်ရေး အတွက် လျှပ်စစ် စွမ်းအင်ဝန်ကြီးဌာနမှ အင်ဂျင်နီယာများနှင့်ကျွမ်းကျင်လုပ်သား(၅၇၆)ဦးဖြင့် ပြိုလဲပျက်စီးခဲ့သည့် လျှပ်စစ်တာဝါတိုင်များ၊ ဓာတ်အားတိုင်များအား ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက် ပြီးစီးခဲ့ပြီး၊ ယမန်နေ့ ညနေပိုင်းက ပုဏ္ဏားကျွန်းမြို့ရှိ ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံသို့ လျှပ်စစ်မီး ရောက်ရှိခဲ့ပြီး၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်မှူး ဦးမိုးကျော်သူနှင့် ဝန်ထမ်းများက မြို့တွင်း ထရန်စဖော်မာလိုင်းများကို စစ်ဆေးစီစစ်လျက်ရှိသည်။

ဗန်းမော်ဆရာတော်ဘုရားကြီး၏ သရီရဓာတုပဝါဟနပူဇာ အရိုးဓာတ်ပြာတော်များ ရေမျှောပူဇော်ပွဲအခမ်းအနားကျင်းပ

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိ၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ဗန်းမော်ကျောင်းတိုက်ကြီး၏ဦးစီးပဓာန မဟာနာယကအဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသ မဟာထေရ်မြတ်ကြီးသည် သက်တော်(၉၄)နှစ်၊ သိက္ခာတော် (၇၄)ဝါအရ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နယုန်လဆန်း ၇ ရက် ၊၂၀၂၃ခုနှစ် မေ ၂၅ ရက် ကြာသပတေးနေ့ ည ၁၁ နာရီ ၁၁မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူ၍ ဥတုဇရုပ်ကလာပ်တော်အား ဗန်းမော်ကျောင်းတိုက်ကြီးရှိ အေးကမ္ဘာ ဗိမာန်ယာယီစံကျောင်းတော်တွင်ပူဇော်ထားရှိခဲ့ပြီး ဇွန် ၆ ရက်နေ့၌ အန္တိမဈာပန သာဓုကီဠနပူဇာ သဘင်အခမ်းအနားကို ကျင်းပ၍ ရုပ်ကလာပ်တော်အား တေဇောဓာတ်ပူဇော်ခဲ့သည်။

မိုင်းခတ်မြို့နယ် Community Centre ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မူးယစ်‌ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က လူထုအ‌ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်၌ စားသုံးသူရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူ ရေးရာဦးစီးဌာနမှ စားသုံးသူရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က ရေတိမ်ကျေးရွာ အ-မ-က တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နမ့်စန်တွင် ပလတ်စတစ် သုံးစွဲမှုလျှော့ချရေး အသိပညာပေး Talk Show ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးအသိပညာပေး Talk Show အစီအစဉ်ကို ယနေ့ နံနက် ၁၁ နာရီက ရိုက်ကူးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (၉/၂၀၂၃) ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲ အခမ်းအနားကျင်းပ

လွိုင်ကော်      ဇွန်     ၈ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ် ပညာသင်တန်း (၉/၂၀၂၃) ကျောင်းသား ၊ ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ တက္ကသိုလ်ပါမောက္ခချုပ်များ ၊ ကျောင်းအုပ်ကြီးများ ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

သီပေါမြို့နယ် ဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိတက်မှ ထိုင်ခုံများပေးအပ်လှူဒါန်းပွဲနှင့် ၂၀၂၃-၂၀၂၄ပညာသင်နှစ် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဝန်ထမ်းပေါင်းစုံသမဝါယမအသင်း လီမိတက်မှပလတ်စတစ်ထိုင်ခုံများ ပေးအပ်လှူဒါန်းပွဲနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို အဆိုပါအသင်းရုံးခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောင်းဝတ်စုံများသန်လျင်၌ ထောက်ပံ့လှူဒါန်း

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ဆုထူးပန်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ကျောင်းဝတ်စုံများနှင့် ယောဂီသုံးသဘက်များ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်က အဆိုပါ ဘကကျောင်း၌ ပြုလုပ်ခဲ့သည်။

တွံတေးမြို့နယ်၌ ငါးလုပ်ငန်းနှင့်ရေသတ္တဝါမွေးမြူရေးဒီပလိုမာပထမနှစ် (ဒုတိယနှစ်ဝက်)သင်တန်းဖွင့်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲအောက်ရှိ ငါးလုပ်ငန်းသိပ္ပံ(တွံတေး)တွင် ငါးလုပ်ငန်းနှင့်ရေသတ္တဝါမွေးမြူရေး ဒီပလိုမာပထမနှစ်(ဒုတိယနှစ်ဝက်)သင်တန်းအား ဇွန်(၁) ရက်နေ့မှစတင်ကာသင်ကြားပေးလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
Subscribe to