လယ်ဝေးမြို့နယ် ၂၀၂၂ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲ စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
၂၀၂၂ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် လယ်ဝေးမြို့နယ် စာဖြေဌာနမှ အောင်မြင်တော်မူကြသော စာအောင်သံဃာ၊ သီလရှင်များအား အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်ချီးမြှင့်ခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပုဏ္ဏမီဂုဏ်ဝေသီလရှင်စာသင်တိုက်၌ ကျင်းပသည်။