ခန္တီး ဇွန် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်းရှိ ပဒူးမုန်းကျေးရွာတွင် ဇွန်လ ၂ ရက်နေ့က မိုးသည်း ထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်နှင့် ခရစ်ယာန်ဘာသာရေး ကျောင်းများ ပျက်စီးခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာနက လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများနှင့် ရန်ပုံငွေများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းနားကို ပဒူးမုန်းရွာသစ်၊ အုပ်ချုပ်ရေးမှူးရုံးခန်း၌ ယမန်နေ့က ပြုလုပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ရာတွင် လေဘေးသင့်လူဉီးရေ (၃၀)ဉီး၊ ပြိုကျပျက်စီးသွားသော လူနေအိမ် (၈)လုံးနှင့် ခရစ်ယာန်ဘာသာရေးကျောင်း (၁)ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းများနှင့် ဆန်ရိက္ခာဖိုးများ အတွက် ကယ်ဆယ်ရေးရန်ပုံငွေ စုစုပေါင်း ကျပ်(၁၀၆၃၀၀၀/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၈)ပုံးတို့အား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာနက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးအောင်စိုးမိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးသက်ဉီးဆွေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဉာဏ်မြင့်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)