သံတောင်ကြီးဒေသတွင် တံမြက်စည်းများပြုလုပ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

သံတောင်ကြီး ဇွန် ၈

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ တောတောင်များ၊ တောင်ကုန်းတောင်တန်းများနှင့် သံတောင်-သံတောင်ကြီးကားလမ်းဘေးဝဲယာများ၊ နေအပူချိန်မြင့်သောနေရာများနှင့် တောင်ယာများတွင် သဘာဝအလျောက်ပေါက်ရောက်လျက်ရှိသော တံမြက်စည်းပင်များကို ဒေသခံပြည်သူများကစတင် ချိုးယူပြီးသိုလှောင်ကာယခုအချိန်တွင် တံမြက်စည်းများပြုလုပ်ပြီးရောင်းချခြင်းဖြင့်မိသား စုအပိုဝင်ငွေရရှိကြောင်းသိရသည်။

အဆိုပါ   တံမြက်စီးများ၏  အပွင့်မှုန်များအားရိုက်ချွေ၍  အိမ်သုံးတံမြက်စည်းချောများပြုလုပ်ပြီး သံတောင်ကြီးမြို့ပေါ်၌ပြန် လည်ရောင်းချရာတွင် တံမြက်စည်းတစ်ချောင်းကို ကျပ် (၁၇၀၀) မှ   ကျပ် (၂၀၀၀)ထိ  ရရှိကာ မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

နော်နော်မူ