မြစ်သား ဇွန် ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း ရွှေသူဌေးရပ်ကွက်၌ မိသားစု တစ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချသည့် ကွန်ကရစ်ပစ္စည်းများ ပုံမှန်ရောင်းဝယ်ကောင်းလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့ပေါ်နှင့်ကျေးရွာများတွင် ကွန်ကရစ်ပစ္စည်းများပုံမှန် ရောင်းချနေရကြောင်း၊အဓိကရောင်းအားကောင်းသည့်ပစ္စည်းများမှာ ခြံစည်းရိုးခတ် ကွန်ကရစ်ကျောက်တိုင်နှင့် ရေကန်များဖြစ်ပြီး ရံဖန်ရံခါ ကျေးလက်လမ်းများတွင် အသုံးပြုလေ့ရှိသော ရေပြွန်များလည်းအရွယ်အစား ဆိုဒ်အမျိုးမျိုးမှာယူမှုရှိကြောင်း၊ ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ကျောက်စျေးတို့မှာ သိသိသာသာမတက်သော်လည်း ဘိလပ်မြေစျေးသံချောင်းစျေးထက်ဝက်ခန့်စျေး တက်ခဲ့ကြောင်း သိရသည်။
ထို့နောက် မိမိတို့ ရောင်းချရာတွင် ဝယ်လိုအား အပေါ်မူတည်ပြီး အနည်းငယ်သာ စျေးတက်၍ ပြုလုပ် ရောင်းချလျက်ရှိသော ကွန်ကရစ်ပစ္စည်းအမျိုးအစားများမှာ ကွန်ကရစ်တိုင်၊ ကွန်ကရစ်ရေကန်၊ ကွန်ကရစ်ပြွန်ဆိုဒ်အမျိုးမျိုး၊ ကျင်တွယ်တိုင်အမျိုးမျိုး၊ မိလ္လာကန်သုံးကျောက်ပြား၊ ဘိလပ်အုတ်နှင့် အခြားအော်ဒါပစ္စည်းများကိုလည်း လက်ခံပြုလုပ် ရောင်းချလျက်ရှိကြောင်း၊ မြစ်သားမြို့ ရွှေသူဌေး ရပ်ကွက် ကွန်ကရစ်ပစ္စည်းများပြုလုပ်ရောင်းချနေသူ ဦးတင်အောင်ဆန်းထံမှ သိရသည်။
ဝင်းမင်းထွန်း(မြစ်သား)