ကျောက်ပန်းတောင်း ဇွန် ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းစတင်ဖွင့်လှစ်သည့်နေ့မှစ၍ အခြေခံပညာကျောင်း၊ ပုဂ္ဂလိကကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ တွင် ဇွန်လ(၈)ရက်နေ့အထိ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၄၃၁၂၃ ဦး ကျောင်းအပ်နှံပြီးစီး၍ အေးချမ်းစွာ ပညာသင်ကြားသင်ကြားလျက်ရှိကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ကျောင်းပေါင်း ၂၈၂ ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ကျောင်းများစတင်အပ် နှံသည့်နေ့မှစ၍ ယနေ့အထိ အခြေခံပညာကျောင်းများတွင် အထက်တန်းအဆင့် ၃၃၅၁ ဦး၊ အလယ်တန်းအဆင့် ၉၄၄၅ ဦး၊ မူလတန်းအဆင့် ၂၉၀၅၄ ဦး စုစုပေါင်း ၄၁၈၅၀ ဦး၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများတွင် အထက်တန်းအဆင့် ၂၁၇ ဦး၊ အလယ်တန်းအဆင့် ၁၀၆ ဦး၊ မူလတန်းအဆင့် ၂၆၂ ဦး ပေါင်း ၅၈၅ ဦးနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် အလယ်တန်းအဆင့် ၂၀၄ ဦး၊ မူလတန်းအဆင့် ၄၈၄ ဦး ပေါင်း ၆၈၈ ဦးတက်ရောက်လျက်ရှိရာ ကျောင်းအသီးသီးတွင် စုစုပေါင်း ကျောင်းသား/ကျောင်းသူဦးရေ ၄၃၁၂၃ ဦး အပ်နှံပြီးစီး၍ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်းနှင့် လက်ပံပျား အခြေခံပညာအထက်တန်းကျောင်းတွင် တွဲဖက်ဖွင့်လှစ်နေသည့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းတွင် စက်မှု ၃၆ ဦး၊ စိုက်ပျိုးရေး ၈ ဦးနှင့် မွေးမြူရေး ၈ ဦး စုစုပေါင်း ၅၂ ဦးကျောင်းအပ်လက်ခံပြီးဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးထံမှ သိရသည်။
နေအောင်(ပြန်/ဆက်)