တိုက်ကြီး ဇွန် ၈
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများ၏လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း(၂/၂၀၂၃)ဆင်းပွဲကို ယမန်နေ့နံနက်ပိုင်းက သက်သာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် တိုက်ကြီးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်လဲ့လဲ့မွန်က သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး တိုက်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်းက သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးကို သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းနည်းပြဆရာမအား နည်းပညာထောက်ပံ့ကြေးများ ပေးအပ်သည်။
ဆက်လက်၍ ကျေးရွာပရဟိတအသင်းအား အလှူငွေများပေးအပ်လှူဒါန်းခြင်း၊ ကျောင်းသား ကျောင်းသူ များအတွက် သင်တန်းသား/သူများ ချုပ်လုပ်ထားသော ကျောင်းဝတ်စုံများအား ကျေးရွာ မူလတန်းကျောင်း ကျောင်းအုပ်ဆရာကြီးထံသို့ ပေးအပ်လှူဒါန်းသည်။ အဆိုပါသင်တန်းကို မေလ(၉)ရက်မှ ဇွန်လ(၇)ရက်အထိ တစ်လကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသား/သူ (၂၄) ဉီးတို့ တက်ရောက်ကြကြောင်း သိရသည်။
စန်းကလျာခိုင်