ရွှေဘိုမြို့တွင် က​လေးအလုပ်သမား ပ​ပျောက်​ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

​ရွှေဘို ဇွန် 

က​လေးအလုပ်သမားများ ​လျော့နည်းပ​ပျောက်​စေ​ရေး ရည်ရွယ်၍ စစ်ကိုင်းတိုင်း​ဒေသကြီး​ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်​သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်​ထောက်ညွှန်ကြား​ရေးမှူးနှင့် ဝန်ထမ်းများသည် ယ​နေ့ မွန်းလွဲပိုင်းက အ​ခြေခံပညာကျောင်းများသို့ က​လေးအလုပ်သမားပ​ပျောက်​ရေး ဝိုင်းဝန်းကာကွယ်​​စောင့်​ရှောက်​ပေး​ ဇေယျာ​ရွှေ​မြေ အသိပညာ​ပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ က​လေးအလုပ်သမားပ​ပျောက်​ရေး လက်ကမ်းစာစောင်တွင် က​လေးအလုပ်သမား၏ အဓိပ္ပါယ်၊ က​လေးအလုပ်သမား၏ အသက်အရွယ်၊ ကလေးအလုပ်သမားပ​ပျောက်​ရေး ရည်မှန်းချက်များ က​လေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက် အဆိုးရွားဆုံးပုံစံဖြင့် က​လေးအလုပ်သမားခိုင်း​စေခြင်း ​လျော့နည်းပ​ပျောက်​ရေးအတွက် ဦးစား​ပေးအ​နေဖြင့်​ ချက်ချင်း​ဆောင်ရွက်ရမည့် အပြည်ပြည်ဆိုင်ရာ ပြဌာန်းချက်များ၊ အသိပညာ​ပေး၊ ကဗျာ​ဆောင်ပုဒ်၊ ကာတွန်းများ ပါရှိပြီး အဆိုပါ လက်​ကမ်းစာ​စောင်ကို စစ်ကိုင်းတိုင်း​ဒေသကြီး က​လေးအလုပ်သမားပပျောက်​ရေး" အသိပညာ​ပေးနှင့် စွမ်း​ဆောင်ရည်မြှင့်တင်​ရေးလုပ်ငန်း​ကော်မ​တီ" မှ တာဝန်ခံထုတ်​ဝေပြီး အခမဲ့ဖြန့်​ဝေ​ပေးခဲ့​ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်