သရက်ချောင်းမြို့နယ်၌ မိုးစပါးစိုက်ပျိုးရန်အတွက် တောင်သူများအား ချေးငွေများ ဆက်လက် ထုတ်ချေးပေး

သရက်ချောင်း     ဇွန်   

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအား ၂၀၂၃ခုနှစ် မိုးစပါးစိုက်ပျိုးရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးနိုင်ရေး ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ်ဝန်ထမ်းများ စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ချေးငွေများထုတ်ချေးရာတွင် သရက်ချောင်းမြိုနယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ် မန်နေဂျာ ဒေါ်အေးသီတာက တောင်သူများအား ချေးငွေထုတ်ချေးခြင်းနှင့်ပတ်သက်၍ စည်းမျဉ်း၊ စည်းကမ်းပြောကြားခြင်း၊ ချေးငွေပြန်လည်ဆပ်ရမည့် အချိန်ကန့်သတ်ချက်၊ တောင် သူများအနေဖြင့် ချေးငွေပြန်လည်ဆပ်ရမည့် သတ်မှတ်ထားသည့်အချိန်ရောက်လျင် မဆပ်သည့်တောင်သူများအား နောင်နှစ်တွင် ချေးငွေထုတ်ချေးမည်မဟုတ်ကြောင်း စသည်ဖြင့်ရှင်းလင်းပြောကြား ခဲ့သည်။

မြို့နယ်အတွင်း တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးရာတွင် ယခင်စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်ပြီးသူများကို ထုတ်ချေးပေးခြင်းဖြစ်ပြီး သရက်ချောင်းမြို့နယ်၊ မြို့ပေါ်ရပ်ကွက် မြို့မနှင့် ရေချိုချောင်းကျေးရွာတို့မှ တောင်သူ (၅၆)ဦး၊ တစ်ဧကလျှင် ၁ သိန်းခွဲနှုန်းဖြင့်စပါးစိုက် (၂၉၅)ဧကအတွက် ချေးငွေကျပ် (၄၄၂၅၀၀၀၀)သိန်းကို ထုတ်ချေးပေးခဲ့ ပြီး မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့်ကျေးရွာ(၂၇)ရွာရှိသည့်အနက် ဇွန်လအတွက် မြို့မ၊ ရေချိချောင်း၊ ဆင်ကူး၊ ပြင်းဖြူသား၊ ပြင်းဖြူကြီး၊ ကဇီတံတားဦး၊ ချောင်းဝပြင်၊ ရန်တောင်၊ လဘကျေးရွာများကိုထုတ်ချေးပေးရန် စီစဉ်ထားရှိကြောင်း သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်အေးသီတာထံမှ သိရသည်။

ပြည့်ဖြိုးပိုင် (သရက်ချောင်း)