ရှမ်းရွာသစ်မြို့တွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းဆောင်ရွက်

ရှမ်းရွာသစ် ဇွန် ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကလေးသူငယ်များနှင့် ဒေသနေပြည်သူများ ကလေးသူငယ် အခွင့်အရေးများ၊ ကလေးအလုပ်သမား ပပျောက် ရေးနှင့်ပတ်သက်၍ အသိပညာပေး အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်း (၉) နာရီအချိန်တွင် လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းတွင် မြို့ဦးစီးမှူး ဒေါ်ဇင်မိုးအေးက ကလေးသူငယ်များအား ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ဟောပြောပြီးနောက်  ကလေးအလုပ်သမားဟူသည် အဘယ်နည်း၊ ကလေးအလုပ်သမားနှင့် ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဉပဒေများ၊ ပြစ်မှု၊ ပြစ်ဒါဏ်များ၊ ကလေးအလုပ်သမားလျော့နည်းစေရန် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ကလေးများလုပ်သော အလုပ်နှင့် ကလေးသူငယ်အခွင့်အရေးများ၊ လုပ်ငန်းရှင်များအတွက် ကလေးသူငယ် အချက်အလက်များဆိုင်ရာ သိမှတ်ဖွယ်ရာများ စသည့်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ထားရာ ကျောင်းသား/သူ ကလေးသူငယ်များက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)