စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် သက်ငယ်မုဒိမ်းမှုတားဆီးကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ Talk Showဆောင်ရွက်

စဉ့်ကိုင် ဇွန်  ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာတို့ပူးပေါင်း၍ မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် ယနေ့နံနက်(၉)နာရီက သက်ငယ်မုဒိမ်းမှု တားဆီးကာကွယ် ရေးအသိ ပညာပေးဆွေးနွေးပွဲ Talk  Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက အုပ်ထိန်းသူမိဘများ သတိပြုရန်အချက်များ၊ ကလေးများသတိပြုရန်အချက်များနှင့် သက်ငယ်မုဒိမ်းမှု ပိုမိုဖြစ်ပွားရခြင်း အခြေခံအကြောင်းအရင်းများကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ခင်စန်းက သက်ငယ်မုဒိမ်းမှုများ လျော့နည်း ပပျောက်သွားအောင် တားဆီးကာကွယ်သင့်သည့် အချက်များနှင့်သက်ငယ်မုဒိမ်းမှုကျူးလွန်ပါက ဉပဒေ၊ နည်းဉပဒေအကြောင်း သိကောင်းစရာများ၊  သက်ငယ်မုဒိမ်းမှု ကျူးလွန်ခံရသည့် ကလေးငယ်များ ဘဝပြန်လည်ထူထောင်ရေးအတွက် လုပ်ဆောင်ရမည့် အချက်များနှင့်ပတ်သက်သည့်အကြောင်းအရာများအား ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အလို့ငှာအကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော့မူယာမောင်