သံဖြူဇရပ်မြို့နယ်၌ ကိုဗစ်-၁၉ ​ရောဂါကာကွယ်ဆေးများဆက်လက်ထိုးနှံပေး

သံဖြူဇရပ်   ဇွန်   

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့ နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ 

မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ​ဝန်ထမ်းများက မြို့နယ်အတွင်းရှိပြည်သူ(၅၅၀)ဦးအား ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် သံဖြူဇရပ်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်/ ကျေးရွာအတွင်းရှိ စုရပ်အသီးသီးတွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုထ္ထအကြိမ်နှင့် ပဥ္စမအကြိမ်အထိ ယနေ့တွင် 

ပြည်သူစုစုပေါင်း(၅၅၀)ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)