ဗန်းမောက် ဇွန် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Cemtre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသူဟန်က မြို့နယ်အတွင်းရှိ Book Club အဖွဲ့ဝင်များ၊ စာပေချစ်သူများနှင့်လူငယ်လူရွယ်များအနေဖြင့် ဆွေးနွေးသည့်စာအုပ်ပါ အကြောင်းအရာများအပြင် မိမိတို့လေ့လာဖတ်ရှုမှတ်သားထားသည့် အခြားအသိပညာဗဟုသုတရဖွယ် အကြောင်းအရာများကိုပါ အပြန်အလှန်ဆွေးနွေးပြောဆိုတတ်သည့် အလေ့ကျင့်ကောင်းများ ရရှိစေရန်အတွက်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဉ် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာရေးဆရာ ညီညီနိုင်ရေးသားထားသည့် “အုပ်ချုပ်ရေးနီတိများနှင့် ခေါင်းဆောင် မှုသဘောတရား” စာအုပ်ပါအကြောင်းအရာများကို ဗန်းမောက်မြို့နယ်Book Club အဖွဲ့ဝင် ဒေါ်ညိုညိုက ဦးဆောင်ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် Book Club အဖွဲ့ဝင်ဒေါ်ခင်နွဲ့နှောင်းရီ၊ စာပေချစ်သူဒေါ်သဲသဲနှင့် ဒေါ်နန်းသိင်္ဂီတို့က ပြန်လည်ဆွေးနွေးခဲ့ကြသည်။ အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲကို စာပေချစ်များတက်ရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
မေသူ(ဗန်းမောက်)