သဲကုန်း ဇွန် ၉
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ စာရင်းအား မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ သက်ဆိုင်ရာမြို့နယ်အသီးသီး၏ မြို့နယ်ပညာရေးမှူး ရုံးများနှင့် စာစစ်ဌာနများတွင် ယနေ့နံနက်(၆)နာရီမှ စတင်ကာ ထုတ်ပြန်လျက်ရှိရာ သဲကုန်းမြို့နယ်၌ အဆိုပါတက္ကသိုလ်ဝင်တန်းအောင်စာရင်းအား ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသား မိဘများက လာရောက်ကြည့်ရှုလျက်ရှိသည်။
သဲကုန်းမြို့နယ်ရှိ စာစစ်ဌာန(၄)ခုတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၄၄) ဦးဝင်ရောက် ဖြေဆိုကာ အောင်မြင်သူ(၃၅၆)ဦးရှိသည်။ သဲကုန်းမြို့နယ်တွင် ငါးဘာသာဂုဏ်ထူးရှင် (၁)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၃)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၁၁ )ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင်(၂၇)ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင်(၁၀၈)ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းမှာ( ၆၅.၄၄% )ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)