သရက်မြို့၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ၆၅.၁၇ ရာခိုင်နှုန်း ဖြေဆိုအောင်မြင်

သရက် ဇွန် ၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ယနေ့န့နက်(၆)နာရီက မြို့နယ်ပညာရေးမှူးရုံးနှင့် အ.ထ.က-၁ တို့တွင် ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသားကျောင်းသူများ၊ မိဘများလာရောက်ကြည့်ရှုခဲ့ကြပြီး ၆၅.၁၇ ရာခိုင်နှုန်း အောင်မြင်ကြောင်း သိရှိရသည်။

သရက်မြို့နယ်တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျောင်းသား(၁၂၇)ဦး၊ ကျောင်းသူ(၂၀၆)ဦး၊ စုစုပေါင်း(၃၃၃)ဦးဖြေဆိုခဲ့ပြီး ကျောင်းသား(၇၇)ဦး၊ ကျောင်းသူ(၁၄၀)ဦး၊ စုစုပေါင်း(၂၁၇)ဦး အောင်မြင်ခဲ့သည်။

ဘောဂဗေဒဂုဏ်ထူးရကျောင်းသား(၄၉)ဦး၊ ဇီဝဗေဒဂုဏ်ထူးရကျောင်းသား(၂၃)ဦး၊ ရူပဗေဒဂုဏ်ထူးရကျောင်းသား (၁၆)ဦး၊ ဓာတုဗေဒဂုဏ်ထူးရ ကျောင်းသား(၅)ဦး၊ သင်္ချာဂုဏ်ထူးရကျောင်းသား (၂)ဦး၊ အင်္ဂလိပ်စာဂုဏ်ထူးရကျောင်းသား(၂)ဦး၊ ပထဝီဝင်ဂုဏ်ထူးရကျောင်းသား(၆)ဦး၊ စုစုပေါင်း(၁၀၃)ဦးဖြစ်ပြီး (၅)ဘာသာဂုဏ်ထူးရကျောင်းသား(၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရကျောင်းသား(၁)ဦး၊ (၃)ဘာသာဂုဏ်ထူးရ ကျောင်းသား(၄)ဦး၊ (၂)ဘာသာဂုဏ်ထူးရကျောင်းသား(၁၁)ဦး၊ (၁)ဘာသာဂုဏ်ထူးရကျောင်းသား(၆၀)ဦး အောင်မြင်ခဲ့ကြောင်းမြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)